စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း (ရုံးအုပ်) သည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် ဝိုင်းမော်မြို့၊ အမှတ် (၂) ရပ်ကွက်နှင့် (၂၅-၇-၂၀၂၃) ရက်နေ့၌ မြစ်ကြီနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိ စားသောက်ကုန်ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်စည်များကို စားသုံးသူများယုံကြည်စိတ်ချရစွာအသုံးပြုနိုင်ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်များအနက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များတို့ကိုသိရှိရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကချင်)