နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်တွင် ဇူလိုင်လစတုတ္ထပတ်အတွင်း၌ ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်များမှာ တောင်ပျံမွေး ဆန်တစ်အိတ်(၉၅၀၀၀)ကျပ်၊ ဧည့်မထဆန်တစ်အိတ် (၇၅၀၀၀) ကျပ်၊ စားအုံးဆီ တစ်ပိဿာ(၈၀၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာ(၁၄၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ(၂၃၀၀) ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ(၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ် ) တစ်ပိဿာ(၈၀၀၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ကုလားပဲ ခွဲခြမ်းတစ်ပိဿာ ၆၂၀၀ ကျပ်၊ မွေးမြူရေးကြက် တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ(၂၂၀၀၀)ကျပ် ၊ အမဲသား တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာ (၁၃၀၀၀) ငါးမြစ်ချင်း တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ဘဲဥ တစ်လုံး(၂၃၀)ကျပ်၊ ကြက်ဥ တစ်လုံး (၂၈၀)ကျပ်တို့ဖြစ်ပြီး ဇွန်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်နှင့်ဆီဈေးနှုန်းတို့မှာ အနည်းငယ်ဈေးနှုန်း မြင့်တက်သွားကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)