မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့တွင် (၁၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ ငါန်းဇွန်မြို့၊ မြို့မဈေးနှင့်ဈေးအတွင်းအပြင်ရှိ စားသုံးဆီရောင်းချသောဈေးဆိုင်များအား စားသုံးဆီများနှင့်ပတ်သက်၍ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ စားသုံးဆီအမျိုးမျိုးသည် နေ့စဉ်ချက်ပြုတ်စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့် ကုန်စည်ဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများအား ဈေးကွက်အတွင်းရောင်းချပါက စားသုံးသူများကိုဘေးန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးန္တရာယ်ဖြစ်စေနိုင်သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားလာနိုင်ပါကြောင်း၊ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်၍ အရောင်းအဝယ်ပြုလုပ်ရာတွင် သက်ဆိုင် ရာဌာနများ၏ ပြဋ္ဌာန်းချက်ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ပတ်သက်၍ သိရှိလိုက်နာရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)