Main menu

ညောင်ဦးမြို့၊ ဈေးများအတွင်းရောင်းချနေသော စားသုံးဆီများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် စတိုးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိ/မရှိကို (၁၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးကဦးဆောင်၍  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ) နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသည့်ဌာနဆိုင်ရာများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသောစားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများမှန်ကန်ပြည့်စုံစွာထည့်သွင်းပါဝင်မှုရှိ/မရှိကိုစစ်ဆေးကာ လက်လီ/လက်ကားရောင်းချနေသောဈေးဆိုင်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအပါအဝင် ကုန်စည်အားလုံးထုတ်လုပ်ဝယ်ယူရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားသောကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါဝင်သောကုန်စည်များကိုသာ ထုတ်လုပ်ရောင်းဝယ်မှုပြုရန်နှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသေကုန်စည်များကို ထုတ်လုပ်ရောင်းဝယ်မှုမပြုရန် အသိပညာပေးခဲ့ပါကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေပြဋ္ဌာန်းချက်များနှင့်ညီညွတ်ကိုက်ညီမှုမရှိသောကုန်စည်များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်မှုများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း နည်းလမ်းပေါင်းစုံဖြင့် စားသုံးသူပြည်သူလူထုအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအား နေရာဒေသစုံစွာ ကျယ်ကျယ်ပြန့်ပြန့်အသိပေးဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စီးပွားလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်၍ အရောင်းအဝယ်ပြုလုပ်ရာတွင် သက်ဆိုင်ရာဌာနများ၏ပြဋ္ဌာန်းချက်ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများနှင့်ပတ်သက်၍ အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)