Main menu

ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်ဈေးတွင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ မြို့မစည်ပင်သာယာ‌ဈေးကြီးတွင် (၁၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ ဈေးအတွင်းအပြင်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။ ၎င်းဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် စားသုံးဆီအမျိုးမျိုးမှာ နေ့စဉ်ချက်ပြုတ်စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့်အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများကို ဈေးကွက်အတွင်းရောင်းချပါက စားသုံးသူများဘေးန္တရာယ်ဖြစ်ပွားစေ၍ ၎င်းဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားလာနိုင်ပါကြောင်း၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) ဖြင့် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုးအမည်အား မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မှုရှိ/မရှိတို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီဆောင်ရွက်စေရေး၊ မိမိထုတ်ကုန်များနှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်သောသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးစေရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ရောင်းချခြင်းမပြုစေရေးတို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုနှုန်းအချိုးအစား၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်များကို ဖော်ပြရန်ဖြစ်ကြောင်းနှင့် ဥပဒေပါပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စသည်ဖြင့် အသိပညာပေးဆွေးနွေးပေးခဲ့ကြပြီး နေ့လယ် (၁၅:၄၅) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)