Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးတွင် MSME များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (Talk show) အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

    (၂၇-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံး၌  MSME များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (Talk show) အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

  ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က ကရင်ပြည်နယ်အတွင်းရှိ MSME များဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ပါဝင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ MSME မှထုတ်လုပ်သည့် ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်စေရန်အတွက်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်များအား  ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ MSME ထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ MSME များဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စားသုံးသူရေးရာဦးစီးဌာနကချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME နှင့် ကုန်သွယ်မှုဆိုင်ရာအခက်အခဲများရှိပါက စားသုံးသူရေးရာဦးစီးဌာနတွင် MSME HELP DESK ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကာ အခမ်းအနားကို နံနက် (၁၁း၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)