တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၅ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အသေးစားနှင့်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ မြို့မဈေးတွင် လက်ကားဆီအရောင်းဆိုင် (၅) ဆိုင်အား (CCPBM) ကုမ္ပဏီမှထုတ်လုပ်သည့် Sprite® အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူသည့်အပြင် ကုန်အညွှန်းအမှတ်အသားမှာလည်း ထိုင်းဘာသာဖြင့်ဖော်ပြထားသည့် Sprite® အချိုရည်များရောင်းချနေကြောင်း တင်ပြလာမှုအပေါ် ဈေးကွက်အတွင်း ၎င်းတို့၏ကုန်အမှတ်တံဆိပ်နှင့်ပုံစံတူ Sprite® အချိုရည်များရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနတွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ စသည်တို့ကို ပူးပေါင်းအဖွဲ့တို့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)