မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီး၏ နယ်နိမိတ်အတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များ၏လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧရာပဒေသာတစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထတစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ငစိန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ မနောသုခတစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၇၀၀၀)၊ မတ်ပဲတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ ခရမ်းချဉ်သီး (ဒေသထွက်) တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀၊၂၇၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေကြကြောင်းသိရှိရပါသည်။
မွေးမြူရေးထွက်ကုန်များအနေဖြင့် ဒေသကြက်(ဗမာ)တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ မွေးမြူရေးကြက်(CP)ရင်အုံတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးတန်တစ်ပိဿာလျှင် လ(၇၀၀၀)ကျပ်၊ ငါးပတ်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ရေချိုပုစွန်(လတ်)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ရေငန်ပုစွန်(လတ်)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင် (၂၄၀၀၀၊ ၃၆၀၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၄၀၀၀၀၊၄၈၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် (၅၀၀၀၀၊၇၀၀၀၀၊၉၀၀၀၀)ကျပ်ခန့်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)