Main menu

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်ပူးပေါင်း၍ ငွေကြေးဝန်ဆောင်မှုနှင့် Online Shopping ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

Powered by Drupal

   မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ဦးစီးမှူးသည် (၂၅-၇-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ငွေကြေးဝန်ဆောင်မှုနှင့် Online Shopping ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် မော်လမြိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးအကြောင်းနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းခဲ့ရာတွင် မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုရှိလာပါက ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်နည်းလမ်းများရှိစေရေးတို့ကိုပြောကြားခဲ့ပြီးနောက် ယခုအခါတွင် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို Internet၊ website၊ Application (သို့မဟုတ်) Social Media များတွင် ဝယ်ယူသုံးစွဲနေသည်ကိုတွေ့ရှိရပြီး စားသုံးသူများဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် Online Shopping မှတ်ပုံတင်စနစ်ပြုလုပ်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် e-commerce guide line နှင့် e-commerce ဥပဒေ အမြန်ဆုံးထွက်ရှိနိုင်ရန် ဌာနကစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းတို့ကိုဆွေးနွေးခဲ့ပြီးနောက်  Online Shopping နှင့်ပတ်သက်၍ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက် (၇) ချက်နှင့် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်း (၅) ခုတို့ကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)