Main menu

ချောင်းဆုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေ

Powered by Drupal

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၆-၇-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်၊ မဟာကန်တော်ကြီး၏အရှေ့  ပျံကျဈေးဝင်းအတွင်း အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် (၂၆၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၆၀) ကျပ်၊ ပိန်းဥတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ မုန်လာဥတစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ ပဲတောင့်တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ကန်စွန်းရွက်တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၁၀၀၀) ကျပ်တို့ဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)