Main menu

ပြည်မြို့၏ နှစ်ရှည်ပင်ဈေးကွက်

Powered by Drupal

     တစ်သက်ပျော်ချင်လျှင် သစ်ပင်စိုက်ကြစို့ဟု ဆိုသည်အတိုင်း ယခုအချိန် မိုးရာသီသို့ရောက် ရှိနေပြီဖြစ်သောကြောင့် အရိပ်လည်းရ အသီးလည်း စားရသောနှစ်ရှည်သီးပင်များကို စိုက်ပျိုးသင့်ပါသည်။ ပြည်မြို့တွင် သီးပင်စားပင် ပိန်းအလှပင်များ၊ ဂမုန်းမျိုးများ၊ သစ်ခွပင်များကို စိုက်ပျိုးရောင်းချကြသော ဆိုင်အများအပြားရှိကြပါသည်။ ထိုသို့ရောင်းချနေသော အပင်များထဲမှာ အရိပ်လည်းရ အသီးပါ စားရသော နှစ်ရှည်ပင်များ၏ဈေးကွက်များမှာ စိန်တလုံးသရက်ကိုင်းဆက် နှစ်ချင်းသီး တစ်ပင်လျှင် (၃၀၀၀)ကျပ်၊ ပတ္တမြားငမောက်သရက် ကိုင်းဆက်တစ်ပင်လျှင် (၅၅၀၀)ကျပ်၊ ပန်းတောင်းစိမ်း စားသရက် အစေ့ပေါက် တစ်ပင်လျှင် (၃၅၀၀)ကျပ်၊ ဆင်စွယ်နီသရက် တစ်ပင်လျှင် (၁၂၀၀၀)ကျပ်၊ (၆)လနှင့်သီးသော ဂွေးချိုပင်တစ်ပင်လျှင် (၂၅၀၀)ကျပ်၊ အပင်မြင့် (၂)ပေခန့်ရှိသော ယိုးဒယား မန်ကျည်းမျိုး တစ်ပင်လျှင် (၉၅၀၀)ကျပ်၊ (၃)နှစ်သီး အုန်းချိုမွှေး တစ်ပင်လျှင် (၉၀၀၀)ကျပ်၊ ပိန္နဲသီး ယိုးဒယားကိုင်းဆက်သီး အိမ်မာ တစ်ပင်လျှင် (၁၅၀၀၀)ကျပ်၊ မော်လမြိုင်ကျွဲကော ကိုင်းကူးပန်းရောင် တစ်ပင်လျှင် (၇၅၀၀)ကျပ်၊ ပိန္နဲကိုင်းကူး (ဗမာ)တစ်ပင်လျှင် (၉၀၀၀)ကျပ်၊ ဇောင်းလျားချိုပင် တစ်ပင်လျှင် (၅၅၀၀)ကျပ်စသည့် အပင်မျိုးစုံရောင်းချကြပါသည်။ ရောင်းချသော ပျိုးပင်များကို မန္တလေးတိုင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်များမှ မှာယူရောင်းချကြောင်း သိရပါသည်။ ထိုကဲ့သို့ အရိပ်လည်းရ၊ အသီးလည်းစားပြီး ပိုလျှံပါက ရောင်းချ၍ရသော အရိပ်ရ သီးပင်များကို အိမ်တိုင်း စိုက်ပျိုးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)