![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.8.jpg?itok=hBocmumb)
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူမြို့တွင်ဖွင့်လှစ်သည့် ကိုယ်တိုင် မွေးမြူစိုက်ပျိုးထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်တွင် အသားငါးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။
မွေးမြူရေးလုပ်ငန်းရှင်များမှ လာရောက်ရောင်းချသည့် ဈေးနှုန်းများမှာ အမဲသား တစ်ပိဿာလျှင် အသား ၁၂၀၀၀ ကျပ်၊ အကြောနှင့်ကလီစာ ၈၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် သုံးထပ်သား ၁၄၀၀၀ ကျပ်၊ ပေါင်သား ၁၆၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာလျှင် အကောင်လိုက် ၉၀၀၀ ကျပ်၊ ပေါင်သား ၁၁၀၀၀ ကျပ်၊ ရင်ပုံသား ၁၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ အကောင် လိုက် ၈၀၀၀ ကျပ်နှင့် အခြမ်းလိုက် ၁၂၀၀၀ ကျပ်ဖြစ်ပါသည်။
တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများက လာရောက်ရောင်းချသည့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ရုံးပတီသီး ၃ တောင့်ပါအစည်း ၁၀ စည်း တစ်ကတ်လျှင် ၃၀၀ ကျပ်၊ နှစ်ကတ်ယူလျှင် ၅၀၀ ကျပ်၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် ဘူးသီးတို့မှာ တစ်လုံး ၆၀၀ ကျပ်၊ ဟင်းခတ်ရာတွင် အသုံးပြုသည့် ပင်စိမ်းမှာ တစ်စည်းလျှင် ၁၀၀ ကျပ်၊ ဆလပ်တွန့် တစ်စည်းလျှင် ၂၀၀ ကျပ်၊ ပဲတောင့်ရှည်သီး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ဂေါ်ဖီ တစ်ပိဿာလျှင် ၁၂၀၀ ကျပ်ဖြစ်ဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)