Main menu

မိုးရာသီစာတွဲဖက်ဟင်းလျာ ရွှေဖရုံသီးနှင့်မန်ကျည်းသီးစိမ်း ရောင်းအားကောင်း

Powered by Drupal

     ရွှေဖရုံသီးချက်နှင့် မန်ကျည်းသီးစိမ်းကြော်တို့သည် မိုးရာသီစာဟင်းတွဲဖက်ဖြစ်ပြီး မြန်မာလူမျိုးများနှစ်ခြိုက်စွာ စားသုံးကြပါသည်။ ရွှေဖရုံသီးချက်ပြီး မန်ကျည်းသီးစိမ်းထောင်း၍ မျှင်ငါးပိ၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်းတို့ ရော၍ကြော်ထားသော ဟင်းတွဲဖက်သည် ယခုလို မိုးရာသီ တွင် ခံတွင်းမြိန်စေသော ဟင်းတစ်ခွက်ဆိုလျှင်လည်း မမှားပါ။

       ထို့ပြင် ရွှေဖရုံသီးစားပေးခြင်းဖြင့် မျက်စိအားကောင်းခြင်း၊ ခုခံစွမ်းအားတိုးခြင်း၊ အစာ ခြေစနစ်ကောင်းမွန်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်းအား အထောက်အကူပြုနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်မည့်အပြင် မန်ကျည်းသီးစိမ်း၏ ကျန်းမာရေးအာနိသင် အနေ ဖြင့် ရာသီဥတုကြောင့်ဖြစ်သော ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ရောင်ရမ်းခြင်းတို့အား သက်သာ စေခြင်း၊ မန်ကျည်းသီးတွင် အမျှင်ဓါတ်များပါခြင်းကြောင့် အူလမ်းကြောင်းရဲ့လုပ်ဆောင်မှုများ ကိုလည်း အထောက်အကူဖြစ်စေပါသည်။

     တောင်ငူမြို့ ညောင်ပင်ဈေးတွင် တောင်ငူဒေသထွက် မန်ကျည်းသီးစိမ်းနှင့် ဖရုံသီးများ ရောင်းချနေပါသည်။ မန်ကျည်းသီးစိမ်း တစ်ဆယ်သားလျှင် ၈၀၀ ကျပ်နှင့် ဖရုံသီး ကြီး၊ လတ်၊ သေး ဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် ၅၀၀ကျပ်၊ ၈၀၀ကျပ်နှင့် ၁၀၀၀ ကျပ်ဝန်းကျင်အထိ ရောင်းချ ပေးလျက်ရှိပါသည်။

      အစာလည်းဆေး၊ ဆေးလည်းအစာဆိုသကဲ့သို့ ယခုကဲ့သို့ မိုးရာသီတွင် ခံတွင်းမြိန်စေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သော ရာသီစာ တွဲဖက်ဟင်းလျာအဖြစ် မြန်မာတို့ ကြိုက်နှစ်သက်သော ရွှေဖရုံသီးနှင့် မန်ကျည်းသီးစိမ်းမှာ ရောင်းရလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)