Main menu

ဆေးဖက်ဝင်သောငရံ့ပတူရွက်

Powered by Drupal

ယခုကဲ့သို့ မိုးရာသီကာလတွင် အလေ့ကျပေါက်ပင်တစ်မျိုးဖြစ်သော ငးရံ့ပတူရွက်များကို ဈေးများထဲတွင် ရောင်းချနေသည်ကိုတွေ့ရပါသည်။ ပြည်အနီးတဝိုက်ဒေသများမှထွက်ရှိပြီး ဈေးများတွင် လာရောက်ရောင်းချကြကာ တစ်စည်းလျှင် (၃၀၀) ကျပ်နှင့် (၂) စည်းလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချမှုရှိကြောင်းသိရပါသည်။ ငရံ့ပတူရွက်သည် ကျန်းမာရေးအတွက် စားသုံးပေးသင့်သော ရာသီစာအရွက်တစ်မျိုးဖြစ်ပါသည်။ ငရံ့ပတူပင်၏ပင်စည်နှင့် အမြစ်သည်လည်း ဆေးဖက်ဝင်သည့်အပြင် အပင်၏အရွက်ကိုပြုတ်၍ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲ၊ ပုစွန်ခြောက်များနှင့်ရော၍ သုတ်စာလေ့ရှိကြပြီး ဗီတာမင်ဓာတ်များစွာပါဝင်ကာ အမျှင်ဓာတ်၊ ဇင့်ဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမိုင်နိုအက်ဆစ်၊ ကောပါး၊ ပိုတက်ဆီယမ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ် စသည့်အာဟာရဓာတ်များစွာပါဝင်နေသောကြောင့် အမှန်တကယ်စားသုံးပေးသင့်သောအရွက်တစ်မျိုးဖြစ်ပါသည်။ ထို့ပြင် အာရုံကြောဆိုင်ရာကျန်းမာရေးပြဿနာများအပြင် ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ အသည်းတွင်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်ခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်းမှကာကွယ်ခြင်း၊ သွေးတိုးရောဂါကိုသက်သာစေခြင်း၊ ကင်ဆာရောဂါဝေဒနာခံစားနေရသူများသည် ငရံ့ပတူရွက်ကိုစားသုံးပေးခြင်းဖြင့် ရောဂါသက်သာစေသည်ဟုလည်းလေ့လာသိရှိရပါသည်။ အဝလွန်ခြင်းမှလည်းကာကွယ်ပေးနိုင်သည့်အတွက် ကျန်းမာရေးအတွက်အထောက်အကူပြုစေသော ငးရံ့ပတူရွက်များကိုစိုက်ပျိုး၍ စားသုံးပေးသင့်ပါကြောင်း လေ့လာတင်ပြလိုက်ပါသည်။

DOCA(ပဲခူး)