Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၇၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၃၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၃၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၂၀၀)ကျပ် ဖြစ်ပါသည်။

   ကျိုင်းတုံမြို့ရှိ ဇူလိုင်လ ဒုတိယအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၁၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၂၁၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၄၃၃၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၃၄၆၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၃၄၆၀၀)ကျပ် ဖြစ်ပါသည်။

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင် ဇူလိုင်လ ပထမပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ကျိုင်းတုံမြို့ရှိ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး တာချီလိတ်မြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းမှာ ယခင် ဇူလိုင်လပထမပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပုလဲ(၄၆%) (၅၀)kg၊ ကွန်ပေါင်း (၁၅ပတ်လည်) (၅၀)kgနှင့် ကွန်ပေါင်း(၅၀)kg တို့သည် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။

DOCA(ရှမ်း)