မင်းဂွတ်သီးကို အင်္ဂလိပ်လို (Mangosteen) ဟုခေါ်ဆိုကြပါသည်။ အသီးစသီးချိန်၏အခွံမှာ အစိမ်းရောင်ဖြစ်ပြီး မှည့်ခါနီးအချိန်တွင်အနီရောင်ဖြစ်လာပါသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းခရမ်းရောင်သန်းလာလျှင် မှည့်ပြီဟုယူဆနိုင်ပါသည်။
မင်းဂွတ်သီးသည် အတွင်းပိုင်းအသားရော အပြင်အခွံပါ (၂) မျိုးလုံးဆေးဖက်ဝင်ပါသည်။ အတွင်းပိုင်းရှိ အဖြူသားသည် အမျှင်ဓာတ်၊ နိုင်ယာစင်၊ ဖောလစ်အက်ဆစ်နှင့် ဗီတာမင်စီတို့ကြွယ်ဝစွာပါဝင်ပါသည်။ မင်းဂွတ်သီး၏အကာသားသည် အရောင်ကျစေသည့် အာနိသင်၊ ဓာတ်မတည့်မှုနှင့် ကင်ဆာရောဂါကိုသက်သာစေသည့် အာနိသင်များပါဝင်ပါသည်။
မင်းဂွတ်သီးကို မုံရွာဘက်နှင့် ကျောက်ကြီးဘက်တို့မှ ပြည်ဈေးကွက်သို့ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ပြည်ဈေးကွက်၌ဖြစ်ပေါ်နေသော မင်းဂွတ်သီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၅၀၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၀၀/၃၀၀) ကျပ်တို့ဖြင့်ရောင်းချနေကြကြောင်းသိရပါသည်။
DOCA(ပဲခူး)