![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.17.jpg?itok=CT8U68KS)
တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်၊ ဧည့်မထ(နွေ) တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၇၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ပါသည်။
မိုးစပါးမှာ တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး နွေစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တင်း ၁၀၀ လျှင် ၁၇၀၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပါသည်။
ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၃၀၀၀ ကျပ်၊ ဖွဲနုတစ်အိတ်လျှင် ၂၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
မတ်ပဲ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ယခင်အပတ်က ၁၀၇၅၀၀ ကျပ်ရှိရာမှ ယခု အပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ပဲလွန်းဖြူ (၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်တွင်လည်း အရောင်းအဝယ်မရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။
DOCA(ပဲခူး)