စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် ၇ရပ်ကွက်၊ အောင်နန်းရှိ အခြေခံပညာမူလတန်းကျောင်း (အ-မ-က) (၁၈)၊ အစည်းအဝေးခန်းမ၌ ကျောင်းသူ/ကျောင်းသားများကို စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ) က ကျောင်းသား/ကျောင်းသူများသည် အစားအသောက်များကိုဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးခြင်းဖြင့် အသိပညာပေးခဲ့ကြောင်းသိရပါသည်။
ဟောပြောပွဲတွင် Grade 3 , Grade 4 နှင့် Grade 5 မှ ကျောင်းသား/ကျောင်းသူ ၆၅ဦးနှင့် ဆရာ/ဆရာမ ၅ဦး၊ စုစုပေါင်း ၇၀ဦးတက်ရောက်ခဲ့ကြပြီး ဟောပြောပွဲကို နံနက် (၁၁း၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)