တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့တွင် အခြေခံစားသုံးကုန်ဖြစ်သောကြက်ဥများကို တစ်နိုင်တစ်ပိုင်မွေးမြူသူများနှင့် စီးပွားဖြစ်လုပ်ကိုင်ကြသူများလည်းရှိသည်။ “ထူးထူးတိုး” ကုမ္ပဏီမှာ ဥစားကြက်ကိုအဓိကမွေးမြူလုပ်ကိုင်ပြီး စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ကြက်ဥများမှာ အရွယ်အစားအလိုက် စျေးနှုန်းများလည်းကွာခြားလျက်ရှိသည်။ မြိတ်မြို့ အတွင်းရှိ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်အတွင်း တစ်နိုင်တစ်ပိုင် ဥစားကြက်မွေးမြူရေးခြံများမှထွက်ရှိသော ကြက်ဥတစ်လုံး၏စျေးနှုန်းများမှာ ကြက်ဥအကြီးကို (၃၀၀) ကျပ်ခန့်၊ ကြက်ဥအလတ်ကို (၂၈၀) ကျပ်ခန့်၊ ကြက်ဥအသေးကို (၂၆၀) ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
“ထူးထူးတိုး” ဥစားကြက်မွေးမြူရေးခြံမှထွက်ရှိသည့် ကြက်ဥတစ်လုံး၏စျေးနှုန်းများမှာ ၇၀ဂရမ်နှင့်အထက် အလေးချိန်ရှိသောကြက်ဥတစ်လုံးလျှင် (၂၆၉) ကျပ်၊ ၆၅ဂရမ်နှင့်အထက် ကြက်ဥတစ်လုံးလျှင် (၂၆၃) ကျပ်၊ ၆၀ဂရမ်နှင့်အထက် ကြက်ဥတစ်လုံးလျှင် (၂၅၃) ကျပ်၊ ၄၅ဂရမ်နှင့်အထက် ကြက်ဥတစ်လုံးလျှင် (၂၄၁) ကျပ်နှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)