မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ရွှေဘိုမြို့ရှိ စက်သုံးဆီဆိုင် (၁၉) ဆိုင်တို့မှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၂၇၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၈၀) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၂၇၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၃၁၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၄၂၅) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၄၇၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅၅၅) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၄၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၄၅) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၀၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၀၅) ကျပ်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)