Main menu

မြိတ်မြို့၏ ရေထွက်ကုန် ငါး/ပုစွန်ဈေးနှုန်းများ

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ရေလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ မြိတ်ဒေသအတွင်း စားသုံးလျက်ရှိသည့် ငါး/ ပုစွန်များကို ကမ်းနီးရှိ ငါးဖမ်းလှေငယ်များမှရရှိပြီး ငါးလေလံဈေးမှတစ်ဆင့် အဓိကဝယ်ယူရောင်းချကြသည်။ ငါး/ ပုစွန်ဈေးနှုန်းများသည် ငါးများဖမ်းဆီးရရှိမှုအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

      ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတအတပတ်အတွင်း မြိတ်မြို့နယ်တွင်ဖြစ်ပေါ်နေသော ငါး/ ပုစွန်လက်လီဈေးနှုန်းများမှာ ပုစွန် (ကြီး) တစ်ပိဿာလျှင် ကျပ်၂၁၀ဝ၀ခန့်၊ ပုဇွန် (လတ်) တစ်ပိဿာလျှင် ကျပ်၁၃၀ဝ၀ခန့်၊ ပုစွန် (သေး) တစ်ပိဿာလျှင် ကျပ်၁၀ဝ၀ဝခန့်၊ ဘီးဇင်းတစ်ပိဿာလျှင် ကျပ်၁၁၀ဝ၀ခန့်၊ ဇယောတစ်ပိဿာလျှင် ကျပ်၁၂၀ဝ၀ခန့်၊ ကုလားဂုတ်တစ်ပိဿာလျှင် ကျပ်၁၃၀ဝ၀ခန့်၊  ကပေါင်းတစ်ပိဿာလျှင် ကျပ်၁၄၀ဝ၀ခန့်၊ ဟင်းချိုမကြီးတစ်ပိဿာလျှင် ကျပ်၁၂၀ဝ၀ခန့်၊ ငမုတ်ဖြူတစ်ပိဿာလျှင် ကျပ်၁၀ဝ၀ဝခန့်၊ ပလာတူးတစ်ပိဿာလျှင် ကျပ်၈၀ဝ၀ခန့်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)