ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဇူလိုင်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၅၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၊ ရေးမှ မင်းဂွတ်သီး အလုံးကြီး (၃၀၀) ပါ တစ်ခြင်းလျှင် ကျပ်၃၀၀၀၀၊ အလုံးလတ်တစ်ခြင်းလျှင် ကျပ်၂၀၀၀၀၊ ရေးမှ ဒူးရင်းသီး အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီး (၁၇) လုံးပါ တစ်ဖာလျှင် ကျပ်၁၅၀၀၀၊အလုံးလတ်တစ်ဖာလျှင် ကျပ်၁၀၀၀၀၊ အလုံးသေးတစ်ဖာလျှင် ကျပ်၇၀၀၀၊ တိုက်ကြီးမှ ပိန္နဲသီး (ကိုင်းဆက်) အလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၇၀၀၊ မန္တလေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ ပြင်ဦးလွင်မှ သစ်တော်သီး အလုံးကြီး (၃၀၀) ပါ တစ်ခြင်းလျှင် ကျပ်၄၅၀၀၀၊ အလုံးလတ်တစ်ခြင်းလျှင် ကျပ် ၃၅၀၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၊ ကလောမှ ပန်းသီးအလုံးကြီး စက္ကူပုံးတစ်ပုံးလျှင် ကျပ်၅၀၀၀၀၊ အလုံးသေးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၄၅၀၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)