ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည်၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ထောင်မှူးချောင်ကျေးရွာရှိ အောင်ကျော်စျာန်ဆန်စက်မှ တာဝန်ခံဦးမြင့်သိန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အောင်ကျော်စျာန်ဆန်စက်မှ တာဝန်ခံဦးမြင့်သိန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဆန်စက်တွင်ခေတ်မီစက်ယူနစ်များတပ်ဆင်အသုံးပြုရေး၊ ထုတ်ပိုးမှုစနစ်တကျရှိစေရေး၊ ယခုလက်ရှိဖြစ်ပေါ်နေသောဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် တင်ပို့စီးဆင်းမှုအခြေအနေ၊ အကျိုးအမြတ်ရရှိမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)