Main menu

ရွှေဘိုမြို့ ကုန်းဘောင်ဈေးတွင်  ဩဂုတ်လ ပထမပတ်၌ ဖြစ်ပေါ်နေသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

       ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာမှ  မှာယူရောင်းချသည့် မာလကာ သီးတစ်လုံးလျင်(၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ ရမည်းသင်းမြို့မှ မှာယူရောင်းချသည့်  စပျစ်သီး တစ်ပိဿာ လျင် (၁၅၀၀၀)ကျပ်၊ စစ်ကိုင်းမြို့မှ မှာယူရောင်း ချသည့်  နှင်းသီး တစ်ပိဿာလျင် (၁၀၀၀၀)ကျပ်၊  ပန်းသီးတစ်လုံးလျင် (၇၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျင် (၃၀၀၀)ကျပ်၊ သစ်တော်သီး တစ်လုံး (၃၀၀)ကျပ်မှ (၅၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ ၊မန္တလေး ပွဲရုံများမှ မှာယူရောင်းချသည့်  နာနတ်သီး (သီပေါသီး) တစ်လုံးလျင် (၆၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊  ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ မှာယူရောင်းချသည့်  ငှက်ပျောသီးဖီးကြမ်းတစ်ဖီးှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ ၊ ပုပ္ပါးမြို့မှ မှာယူရောင်းချသည့်  နဂါးမောက်သီး တစ်လုံးလျင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊မက်မွန်သီး တစ်လုံးလျင် (၁၅၀၀)ကျပ်၊ ဒူးရင်းသီး တစ်လုံးလျင် (၄၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ဒေသတွင်းမှ ထွက်ရှိသည့် ဩဇာသီး တစ်လုံး (၃၅၀)ကျပ်၊ မင်းကွတ်သီး တစ်လုံးလျင် (၃၀၀)ကျပ်ဖြင့်   အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချ သော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)