Main menu

ကြက်မောက်သီးများ ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိ

Powered by Drupal

    ယခုအချိန်ရာသီသည် ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ မုံရွာမြို့ရှိ သစ်သီးပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ဩဂုတ်လ ပထမအပတ်မှစ၍ ကြက်မောက်သီးများ စတင်ဝင်ရောက် လျက်ရှိကြောင်း သိရသည်။ ကြက်မောက်သီးများအား မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း ၊ သထုံ ၊ မော်လမြိုင်မြို့နှင့် ပြင်ဦးလွင်မြို့တို့မှ  အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်တွင် ကြက်မောက်သီး (၁)လုံးလျှင် ကျပ် (၁၅၀ -၂၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်မောက်သီးတွင် သံဓာတ်ကြွယ်ဝခြင်း၊ ဘီတာမင် C ကြွယ်ဝစွာပါဝင်ခြင်း၊ အမျှင်နှင့်ရေဓာတ် ပြည့်ဝစွာပါဝင်သောကြောင့် အဆီကျစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေခြင်းနှင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေးအကျိုးအာနိသင်များစွာ ရရှိခြင်းကြောင့် လူကြိုက်များ စားသုံးမှုများသောသီးနှံဖြစ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)