မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်တို့အပြင် လူတို့အသုံးအဆောင်များအဖြစ်ထုတ်လုပ်သည့် ချည်မျှင်ရှည်ဝါများကိုလည်း အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်းတွင် မိုးကြိုဝါစိုက်ဧက (၁၂၁၉) ဧကစိုက်ပျိုးထားရှိပြီး (၁) ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစုအပါအဝင် (၇၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် တောင်သူအများစုမှာ ငွေချည်၆နှင့် အိန္ဒိယမျိုး (ရာကာ) မျိုးများကိုအများဆုံးစိုက်ပျိုးကြကြောင်း၊ မြို့နယ်အတွင်းရှိ အများဆုံးစိုက်ပျိုးသောရွာများမှာ ပခမ်း၊ မက္ခရာ၊ ကတက်ကုန်း၊ မြိုင်ကုန်း၊ ကံကွေ့ကျေးရွာများတွင် မိုးကြိုဝါများစတင်ထွက်ရှိလျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်၌ ဝါ (၁) ပိဿာလျှင် (၃၃၀၀) ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၇၃၀၀)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၄၀၀) ကျပ်၊ ဝါစေ့ဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဈေးနှုန်းတို့ရှိခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် ဝါ (၁) ပိဿာလျှင် (၃၆၀၀) ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၇၀၀) ကျပ်၊ ဝါစေ့ဆီတစ်ပိဿာလျှင် (၈၇၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)