ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ရေသန့်၊ ရေခဲစက်နှင့်အအေးခန်းစက်ရုံသုံး အမိုးနီးယားဓာတ်ငွေ့များ၊ လုပ်ငန်းခွင်သုံးဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြုမှုဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ (ရုံးချုပ်)နေပြည်တော် ညွှန်ကြားရေးမှူး ဦးအောင်ကိုစန်းမှ အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဦးမှ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စက်မှုဝန်ကြီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပပစိုးမှ လုပ်ငန်းခွင်သုံးဓာတု ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအသုံးပြုမှုဆိုင်ရာ အလုပ်ရှင်သိကောင်းစရာများကို အသေးစိတ်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်၊၊
ဟောပြောပွဲသို့ တိုင်းအဆင့်ဌာနဆိုင်ရာ(၁၀)ဦး၊ ဖိတ်ကြားထားသောလုပ်ငန်းရှင်(၁၀)ဦး စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲကို မွန်းလွှဲ ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်၊၊
DOCA(ဧရာဝတီ)