Main menu

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၁.၈၁၄)၊ သွင်းကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း (၀.၂၄၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂.၀၅၄) ဆောင် ရွက်နိုင်ခဲ့သဖြင့် (၄)လတာ လျာထားချက်အပေါ်  (၃၃.၄၀)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

   ကုန်သွယ်မှုပမာဏလျော့နည်းရခြင်းမှာ တဖက်နိုင်ငံမိုရေးမြို့နယ်စပ်ဂိတ်အား Covid-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၁၀)ရက်နေ့မှ စတင်ပိတ်ထားခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း သံတံတားဂိတ်၊ ဂိတ်အမှတ်(၂)တို့အား ယနေ့အထိ ယာယီပိတ်ထားသည့် အတွက်ကြောင့်လည်းကောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရှိ သံတံတားဂိတ်၊ ချစ်ကြည်ရေး တံတားဂိတ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မိမိဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် များမကြာမီတွင် တမူးနယ်စပ် ကုန်သွယ် ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း  တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)