၂၀၂၃ ခုနှစ် ဩဂုတ်လ ပထမအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၅၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၈၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၈၄၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက် (၁၄၀၀၀) ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀)ကျပ် တို့ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ဩဂုတ်လ ပထမအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းဆန် တစ်ပြည် (၃၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀) ဈေးတက် လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)