၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်အတွင်း စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းထူးရှယ် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၁၀၃၀၀၀) မှ ကျပ် (၁၀၅၀၀၀) အတွင်း၊ ပေါ်ဆန်းမွှေး ရှယ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၈၀၀၀) မှ ကျပ် (၁၀၀၀၀၀) အတွင်း၊ ဧည့်မထ (သီရိဒုံ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၈၅၀၀၀) မှ ကျပ် (၈၇၀၀၀) အတွင်း၊ ဧည့်မထ (အိန္ဒိယချေ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၆၀၀၀) မှ ကျပ် (၆၈၀၀၀) အတွင်း၊ ငစိန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၇၂၀၀၀) မှ ကျပ် (၇၄၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၉၅၀၀၀) မှ ကျပ် (၉၈၀၀၀) အတွင်း၊ ကြက်သွန်နီ ၁၀ပိဿာတစ်အိတ်လျှင် ကျပ် (၂၅၀၀၀) မှ ကျပ် (၂၇၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၇၈၀၀) မှ ကျပ် (၈၀၀၀) အတွင်း၊ ငရုတ်သီးခြောက် (အိန္ဒိယ) တစ်ပိဿာလျှင် ကျပ် (၁၆၅၀၀) မှ ကျပ် (၁၇၀၀၀) အတွင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၂၅၀၀) မှ ကျပ် (၂၇၀၀) အတွင်း၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ် (၃၀၀၀) မှ ကျပ် (၃၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၃၈၀၀) မှ ကျပ် (၄၀၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၂၅၀၀) မှ ကျပ် (၂၇၀၀) အတွင်း၊ အာလူး (အောင်ပန်း) တစ်ပိဿာလျှင် ကျပ် (၃၈၀၀) မှ ကျပ် (၄၀၀၀) အတွင်း၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ် (၆၈၀၀) မှ ကျပ် (၇၀၀၀) အတွင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၈၆၀၀) မှ ကျပ် (၈၈၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊ ကစွန်းရွက် တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၂၄၀၀၀) မှ ကျပ် (၂၆၀၀၀) အတွင်း၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၂၄၀၀၀) မှ ကျပ် (၂၆၀၀၀) အတွင်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် ဩဂုတ်လ၊ ပထမအပတ်အတွင်း အခြေခံစားကုန်များဈေးနှုန်းများမှာ မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်/ ပွဲရုံများထံမှသိရပါသည်။
DOCA(ရခိုင်)