စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ရက် နေ့ နံနက် (၁၀:၀၀)အချိန်တွင် မောင်တောမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျှက်ရှိသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ သက်ဆိုင်ရာဌာန၏ ခွင့်ပြုထောက်ခံချက်ပါဝင်မှုရှိ/မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျှက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းနှင့် ဌာနမှထုတ်ပြန်ထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနမှဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများအကြောင်းကို အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဆိုင်ရှင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ရခိုင်)