Main menu

ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    ၂၀၂၃-ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ဧရာမင်းဆန် တစ်အိတ် (၉၆၀၀၀)ကျပ်၊ ဧည့်မထ တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၉၃၀၀)ကျပ် ရှိကြောင်း သိရသည်။

   စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံးအကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာ (၃၂၀၀ မှ ၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ(၃၂၀၀)ကျပ်၊ ဂျင်း တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေး တစ်ပြည်(၇၂၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၄၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၃၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။

     အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၄၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဇူလိုင်လ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက စားသုံးဆီများဖြစ်သည့် မြေပဲဆီနှင့် နှမ်းဆီဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့်၊ စားအုန်းဆီဈေးနှုန်းမှာ ကျပ် (၃၀၀)ခန့် မြင့်တက်လာပြီး စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းချဉ်သီးနှင့် ကြက်သွန်နီဈေးနှုန်းများမှာ (၂၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း တွေ့ရှိရသည်။

DOCA(စစ်ကိုင်း)