Main menu

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

       ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

     ၂၀၂၃ခုနှစ်၊ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  မာလကာသီး (၁)လုံး လျှင် (၂၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၂၀၀မှ ၁၅၀၀)ကျပ်ထိ၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ထိ၊ ဖရဲသီး အသေး(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ဖရဲသီးအကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ ကြက်မောက်သီး (၁)တွဲလျှင် (၁၅၀၀)ကျပ် ၊ရင်ကွဲသရက်သီး (၁)လုံးလျှင် (၂၀၀မှ ၂၅၀)ကျပ်ထိ၊ နာနတ်သီး (အ သေး) (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ နာနတ်သီး (အကြီး) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၈၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)