Main menu

တစ်ပိုင်တစ်နိုင်ဘဲမွေးမြူရေးအကြောင်း တစ်စေ့တစ်စောင်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား စိုက်ပျိုးမွေးမြူ ထုတ်လုပ်သော တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးအပြင် ဘဲမွေးမြူရေးလုပ်ငန်းများ အများအပြားမွေးမြူထုတ်လုပ်သော မြို့နယ်တစ်ခုဖြစ်ပါသဖြင့် သနပ်ပင်မြို့နယ်၊ ဘဲမွေးမြူရေးလုပ်ငန်းရှင် ဦးမြင့်ဇော်အား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဘဲအကောင်ရေ (၁၀၀၀) မွေးမြူမည်ဆိုပါက စတင်မွေးမြူပြီး ၄လ နောက်ပိုင်း ဘဲဥတစ်ရက်လျှင် အလုံး(၈၅၀) ခန့် ထွက်ရှိနိုင်ပါကြောင်း၊ (၂) နှစ်အထိ မွေးမြူနိုင်ပါကြောင်း၊ ဘဲအကောင်ရေ (၁၀၀၀) မွေးမြူပါက ဘဲသားပေါက် တစ်ကောင်လျှင် (၁၂၀၀) ကျပ်ဖြင့် စတင်ဝယ်ယူ၍ (၂)လအတွင်း ဘဲသားလေးစပ် အစာကျွေးမွေးရပြီး ကျွေးမွေးစရိတ် (၁၅)သိန်းခန့် ကုန်ကျပါကြောင်း၊ (၂) လကျော်ပါက ကျန်သည့် (၂၂)လအတွက် အားဖြည့်အစာများကို တစ်လ လျှင် ဆန်ကွဲ (၇၅)အိတ် ကာလတန်ဖိုး (၃၅၂၅၀၀၀/-)ကျပ် ပွိုင့် (၄၀) အိတ် ကာလတန်ဖိုး (၉၂၀၀၀၀/-) ကျပ်ခန့် ၊ ပုဇွန်ဖွဲ (၁၈)အိတ် ကာလတန်ဖိုး (၉၉၀၀၀၀/-) ကျပ်ခန့် ၊ စုစုပေါင်း တစ်လ ကျွေးမွေး စရိတ်အားဖြင့် (၅၄၃၅၀၀၀/-) ကျပ်ခန့် ကုန်ကျမည်ဖြစ်ပြီး မွေးမြူရေးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-

  • ဘဲသားပေါက်တန်ဖိုး                       ၁၀၀၀x၁၂၀၀        =                  ၁၂၀၀၀၀၀
  • ဘဲသားပေါက် (၂)လစာ ကျွေးမွေးစရိတ်                        =                  ၁၅၀၀၀၀၀
  • အားဖြည့်အစာ (၂၂)လအတွက်                  x ၅၄၃၅၀၀၀=              ၁၁၉၅၇၀၀၀၀
  • ကျွမ်းကျင်လုပ်သား(၁)ဦး ဌားရမ်းခ (၂၄)လ x ၂၅၀၀၀၀   =                  ၆၀၀၀၀၀၀

    ရင်းနှီးကုန်ကျငွေ စုစုပေါင်း                                         =                ၁၂၈၂၇၀၀၀၀


     

  • ဘဲဥထွက်ရှိမှုလ (၂၀)အတွက် ၅၁၀၀၀၀လုံး x ၂၈၀         =            ၁၄၂၈၀၀၀၀၀
  • ရင်းနှီးကုန်ကျငွေ                                                       =            ၁၂၈၂၇၀၀၀၀

    အကျိုးအမြတ်                                                          =            ၁၄၅၃၀၀၀၀

သို့ဖြစ်ပါ၍ စားသုံးသူပြည်သူအများ အိမ်တိုင်းအိမ်တိုင်းတွင် ဝယ်ယူစားသုံးလျက်ရှိသော ဘဲဥကို တစ်နိုင်တစ်ပိုင်မွေးမြူမည်ဆိုပါက ဘဲအကောင်‌ရေ (၁၀၀၀)ကို (၂၄)အထိ မွေးမြူနိုင်ပြီး (၂၄) လကျော်ပါက ဘဲတစ်ကောင်လျှင် (၃၅၀၀-၄၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချနိုင်မည်ဖြစ်ပြီး ဘဲခြံဆောက်လုပ်ရေးစရိတ် ပြန်လည်ရရှိနိုင်မည်ဖြစ်သည့်အတွက် ဘဲအစာသွင်းအားစု ကုန်ကျစရိတ် နှင့် ဈေးကွက်ရရှိမှုတို့မှာ အချိန်ကာလပေါက်ဈေးပေါ်မူတည်၍ ဘဲဥတစ်လုံးလျှင် အကျိုးအမြတ်ရရှိမှု ၂၈.၄၉ ကျပ်ခန့်ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)