Main menu

ဘဏ်များတွင် အပ်နှံထားသော ငွေကြေးထုတ်ယူရန် တင်ပြထားသော ဆန်စက်လုပ်ငန်းများကို မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၈.၉.၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ ၊ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များ တွေ့ဆုံပွဲ အစည်းအဝေးဆုံးဖြတ်ချက်အရ မိုးစပါးပေါ်ချိန် စပါးများ ဝယ်ယူနိုင်ရန် ဆန်စက်လုပ်ငန်းရှင်များ၏ အပ်နှံငွေများ ဘဏ်မှ ငွေထုတ်ရရှိရေးနှင့် ငွေကြေးစီးဆင်းမှု လွဘ်ကူမြန်ဆန်စေရေးအတွက် ရည်ရွယ်၍ လုပ်ငန်းလည်ပတ်ရန်အတွက် ဘဏ်များတွင် အပ်နှံ ထားသော ‌ငွေကြေးထုတ်ယူရန် တင်ပြထားသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက် လုပ်ငန်းရှင်များ အနက်မှ ၁၅.၉.၂၀၂၁ ၊ ၁၆.၉.၂၀၂၁ ၊ ၁၇.၉.၂၀၂၁ ၊ ၂၀.၉.၂၀၂၁ ရက်နေ့များတွင် ပဲခူးခရိုင် ဝေါမြို့နယ်ရှိ ဆန်စက် (၆)စက်၊ ဒိုက်ဦးမြို့နယ်ရှိ ဆန်စက် (၄)စက် ၊ ညောင်လေးပင်မြို့နယ်ရှိ ဆန်စက် (၂)စက် ၊ ပဲခူးမြို့နယ်ရှိ ဆန်စက် (၂)စက် ၊ သနပ်ပင်မြို့နယ်ရှိ ဆန်စက် (၁)စက် ၊ ကျောက်တံခါးမြို့နယ်ရှိ ဆန်စက် (၄) စက် စုစုပေါင်း ပဲခူးခရိုင်မှ ဆန်စက် (၁၉)စက်ကို စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးအောင်သိုက် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ အဖွဲ့ဝင် (၃)ဦး လိုက်ပါဆောင်ရွက်ပြီး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      ယင်းသို့ ‌မြေပြင်ကွင်းဆင်းရာတွင် ငွေထုတ်ယူလိုသော ဆန်စက်လုပ်ငန်းရှင်များသည် ငှားရမ်းလုပ်ကိုင်သူမဖြစ်စေရန်နှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းရှင်များဖြစ်ရမည်ဖြစ်ပြီး ၊ စပါးပေါ်ချိန်တွင် တောင်သူဆီမှ စပါးဝယ်ယူ၍ ဆန်ပြန်လည်ကြိတ်ခွဲရောင်းချသော နဝလီ ကြိတ်ခွဲမှုများ မဖြစ်စေရ ၊ စက်လည်ပတ်နိုင်မှုအခြေအနေများ ၊ ဆန်ကြိတ်ခွဲနိုင်မှု စွမ်းအားများ၊ ဆန်သိုလှောင် ထားရှိနိုင်မှု အခြေအနေ ၊ စပါးသိုလှောင်နိုင်မှု အခြေအနေများ၊ လုပ်သားအရေအတွက် ၊ စက်ယူနစ်များ တပ်ဆင်ထားရှိမှု အခြေအနေ ၊ တစ်လပျှမ်းမျှ စပါးတင်း ကြိတ်ခွဲနိုင်မှု အခြေအနေများနှင့် စက်ရုံအလိုက် လည်ပတ်သုံးစွဲမည့် ကဏ္ဍအလိုက်ကိုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။