Main menu

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီ များမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Yadanarbon Global Network Distribution ကုမ္ပဏီ မှ (၂၄.၉.၂၀၂၅) ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 3N-3347 တွင် စားအုန်းဆီ ပေပါ (၄၈)နှင့် Global Good Pure Group ကုမ္ပဏီ မှ (၂၆.၉.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 6F-4536တွင် စားအုန်းဆီ ပေပါ (၇၂)၊ စုစုပေါင်း ပေပါ (၁၂၀)သည် လည်းကောင်း၊ Central Myanmar International Trading ကုမ္ပဏီ မှ (၂၆.၉.၂၀၂၅) ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 9K-6292 တွင် စားအုန်းဆီ ပေပါ (၅၅)၊  ယာဉ်အမှတ် 9I-4747 တွင် စားအုန်းဆီ ပေပါ (၅၅)နှင့် ယာဉ်အမှတ် 3G-2488 တွင် စားအုန်းဆီ ပေပါ (၅၇)၊ စုစုပေါင်း ပေပါ (၁၆၇)သည်လည်းကောင်း၊ Lwin Maung Maung ကုမ္ပဏီ မှ (၂၇.၉.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 2H-3501 တွင် စားအုန်းဆီ ပေပါ (၅၅) တို့သည်လည်းကောင်း (၃၀.၉.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိ လာခဲ့ကြောင်း မြိတ်ခရိုင်ဆီကိုယ်စားလှယ်ထံမှသိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူ ရေးရာ ဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့်လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)