တောင်ငူမြို့၌ ရွှေဘိုပေါ်ဆန်းမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်၊ ဧည့်မထ (မိုးဆန်) မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၇၉၀၀၀ကျပ်၊ ဧည့်မထ (နွေဆန်) မှာ ယခင်အပတ်တွင် ၅၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၆၁၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။
မိုးစပါးမှာ ယခင်အပတ်တွင် တင်း၁၀၀လျှင် ၂၂၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး နွေစပါးမှာ ယခင်အပတ်တွင် တင်း၁၀၀လျှင် ၁၇၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တင်း၁၀၀လျှင် ၁၆၅၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
မတ်ပဲ ၃၀ပိဿာဝင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ပဲလွန်းဖြူ ၃၀ပိဿာဝင် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်တွင်လည်း အရောင်းအဝယ်မရှိကြောင်းကို တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှသိရပါသည်။
DOCA(ပဲခူး)