တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များ၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် ပန်းသီးဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၂၀၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ ပန်းသစ်တော်သီးမှာ အကြီး/ အသေးပေါ်မူတည်၍ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
စပျစ်သီးမှာ ယခင်လလယ်ပိုင်းတွင် ၂၅ကျပ်သားလျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုလဆန်းပိုင်းတွင် ၂၅ကျပ်သားလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။
လိမ္မော်သီးမှာ ယခင်လလယ်ပိုင်းတွင် အသေး/ အကြီးပေါ်မူတည်၍ တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုလဆန်းတွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းမြင့်တက်လာပါသည်။
နာနတ်သီးမှာ တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ သခွားမွှေးသီးမှာ တစ်လုံးလျှင် ၃၀၀၀ကျပ်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များမှသိရပါသည်။
DOCA(ပဲခူး)