Main menu

တောင်ငူမြို့တွင် အသားငါးတချို့ဈေးတက်

Powered by Drupal

   တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စီပီကြက်အခြမ်းလိုက်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်မှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

  ဝက်သား (ရေလွတ်သား) မှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ အစောပိုင်းအချိန်တွင် သုံးထပ်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်ရှိပြီး ယခုလဆန်းတွင် သုံးထပ်သားတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိဖြင့် ဈေးအနည်းငယ်တက်လာခဲ့ပါသည်။

     ငါးကြင်းမှာ ယခင်လကုန်ပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိ၊ ငါးကြင်းဖြူမှာ ယခင်လအစောပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင်  အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

    ငါးရံ့မှာ အကောင်သေးတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးခူမှာ ယခင်လ၊ အစောပိုင်းအချိန်တွင် အကောင်သေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အကောင်လတ် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းပိုင်းတွင်  အကောင်သေးတစ်ပိဿာလျှင် ၂၆၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

   ပုစွန်ဆိတ်မှာ ယခင်လ၊ အစောပိုင်းအချိန်တွင် အသေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးတက်ခဲ့ပြီး ပုစွန်ကျော့မှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၂၆၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)