Main menu

ဟင်္သာတမြို့နယ်ရှိ ခြံစိုက်တောင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ပခန်းကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ ခြံစိုက်တောင်သူလုပ်ငန်းရှင် (၆၀) ဦးအား (၂-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။

 ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်အကြောင်း၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)