Main menu

မင်းဘူးမြို့၏ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တပတ်) စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

     မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

     မင်းဘူးမြို့ပေါ်၌ စက်သုံးဆီအရောင်းဆိုင် (၁၆)ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (စတုတ္တပတ်) စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၄၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၄၅)ဖြစ်၍ ကျပ်(၁၀၅) ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၂၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၂၅)ဖြစ်၍ ကျပ်(၁၀၅) ဈေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၆၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၅၅)ဖြစ်၍ ကျပ်(၉၅) ဈေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(95) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၇၀)ဖြစ်၍ ကျပ် (၉၅)ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။    

DOCA(မကွေး)