![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၄၂_1.jpg?itok=eGGK3Xgd)
ကယားပြည်နယ်အတွင်း၌ ကုန်သွယ်မှုအခြေအနေများမှာ ပုံမှန်လည်ပတ်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ကယားပြည်နယ်အတွင်းသို့ စားသောက်ကုန်နှင့် အိမ်ဆောက်ပစ္စည်းတချို့ကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် တင်သွင်းလာမှုမှာ ဆန် (၂၃၂၀) အိတ်(၁၁၆) တန်၊ ကုန်မျိုးစုံကား (၂၀) စီး၊ ကြက်ဥ (၁၈၅၀) ကဒ်၊ ဘိလပ်မြေ (၁၂၀၀) အိတ်တင်သွင်းလာခဲ့ကြပြီး ကယားပြည်နယ်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်တင်ပို့မှုမှာ (၂၀၁၅) အိတ်(၁၀၁) တန်ခန့်၊ ပြောင်းတင်ပို့မှုမှာ (၁၇၁၅) အိတ် (၅၇) တန်တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခင်လ၊ နောက်ဆုံးအပတ်တွင် ဆန်တင်သွင်းလာမှုမှာ (၁၀၅၀) အိတ် (၅၂) တန်၊ ကုန်မျိုးစုံကား (၁၄) စီး၊ ကြက်သွန်နီ (၂၉၀၀) အိတ်၊ ကြက်ဥ (၃၇၀၀) ကဒ်၊ ဘိလပ်မြေ (၁၀၂၀) အိတ်တင်သွင်းလာပြီး ဒေသထွက်ဆန်တင်ပို့မှုမှာ (၉၆၀) အိတ်၊ (၄၈) တန်၊ ပြောင်းတင်ပို့မှုမှာ (၁၆၈၈) အိတ်၊ (၅၆) တန်တင်ပို့နိုင်ကြောင်း၊ ယခုအပတ်နှင့် ယခင်အပတ်တို့ကိုနှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှုမှာ (၁၂၇၀) အိတ် (၆၄) တန်ခန့်၊ ကုန်မျိုးစုံ (၆) စီးပိုမိုတင်သွင်းလာပြီး ကြက်ဥ (၁၈၅၀) ကဒ်၊ ဘိလပ်မြေ (၁၈၀) အိတ်အနည်းငယ်လျော့နည်းတင်သွင်းလာသည်ကိုတွေ့ရှိရပါကြောင်း၊ ဒေသထွက်ဆန်တင်ပို့မှုမှာ (၁၀၅၅) အိတ် (၅၃) တန်၊ ပြောင်းတင်ပို့မှု( ၂၇) အိတ် (၁) တန်ခန့် တင်ပို့မှုပိုလာသည်ကိုလည်း မြို့ဦးဂိတ်စာရင်းအရသိရှိရပါသည်။
DOCA(ကယား)