Main menu

သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများက အခြေခံစားသောက် ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအားရောင်းချပေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် နေ့စဉ် နံနက် (၇: ၀၀) နာရီအချိန်မှ နံနက်  (၁၁:၀၀) နာရီအချိန်ထိ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှု၊ သာယာဝတီမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ကြီးကြပ်၍ အခြေခံလူတန်းစားပြည်သူများအတွက် သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်များကို ဩဂုတ်လ၊ ဒုတိယအပတ်ထိ နေ့စဉ် ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ စည်ပင်၊ တိမွေးကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်များဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ရက်၉၀ဆန်တစ်ပြည်လျှင် ၂၆၀၀/ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၅၃၀၀/ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၂၀၀၀/ကျပ်၊ ကြက်သား (စီပီ) တစ်ပိဿာလျှင် ၈၀၀၀/ကျပ်၊ ငါးတစ်ပိဿာလျှင် ၅၀၀၀/ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၃၀/ကျပ်တို့ဖြင့်ရောင်းချပေးခဲ့ရာ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)