စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်တို့တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က ပြည်သူများ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများပူးပေါင်း၍ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို အကြိမ်ရေများများဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
အခမ်းအနားသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါက်တာလင်းလဲ့ဖြူနှင့် ဒေါက်တာနိုင်နိုင်လင်း၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်၊ တောင်ငူခရိုင်ဦးစီးမှူး ဒေါက်တာနွေဦးဆွေတို့နှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဆွေဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးနေထွန်းသန်း၊ တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းဇော်ဦးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနီလာခင်တို့လည်းတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
DOCA(ပဲခူး)