Main menu

တောင်ငူမြို့ရှိ အေးမေတ္တာဆန်စက်အား GACC လက်မှတ်ပေးအပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် GACC လက်မှတ်ထုတ်ပေးရေးလျှောက်ထားသည့် So Shwe Orient Limited နှင့်စာချုပ်ချုပ်ဆိုထားသည့် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ အေးမေတ္တာဆန်စက်အား စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာန (လှည်းကူး) မှ ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်နှင့်အဖွဲ့က လာရောက်စစ်ဆေးရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

  So Shwe Orient Limited သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် တောင်ငူမြို့ရှိ အေးမေတ္တာတန်စက်နှင့်စာချုပ်ချုပ်ဆိုထားခဲ့ပြီး The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ်လျှောက်ထားရာ လိုအပ်သည်များကိုဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်နှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမီတက် (MITS)မှ လက်ထောက်မန်နေဂျာ ဦးကျော်ဇင်တို့က Sanitary and Phytosanitary Protocol -  SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို လာရောက်စစ်ဆေးခြင်းဖြစ်ပါသည်။

  စစ်ဆေးရေးအဖွဲ့သည် Sanitary and Phytosanitary Protocol - SPS Protocol ပါသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေးရာတွင် ကုန်ကြမ်းနှင့်ကုန်ချောသိုလှောင်ရုံ၊ စက်ရုံအတွင်း ကုန်ကြမ်းနှင့်ကုန်ချောထားရှိမှုများကိုစစ်ဆေးခြင်း၊ လုပ်သားများကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ စက်ရုံပိုင်ရှင် ဦးရဲလင်းက ဆောင်ရွက်နေသည့်အခြေအနေများကိုရှင်းလင်းတင်ပြပါသည်။ စစ်ဆေးတွေ့ရှိချက်အပေါ်အခြေခံ၍  (GACC) မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)