Main menu

တောင်ငူမြို့၊ ပွတ်စုမူ/လွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် တောင်ငူမြို့၊ ပွတ်စုအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

  ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာနဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူက ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေး၍ဖတ်ရှုသင့်ခြင်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဝယ်ယူသုံးစွဲသင့်ကြောင်း ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

 ထို့နောက် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၄၈ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)