Main menu

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားကုန်တချို့ဈေးနှုန်းအတက်အကျရှိ

Powered by Drupal

    တောင်ငူခရိုင်၊ ဖြူးမြို့၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ လကုန်ပိုင်းအချိန်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၁၂၀၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ဧည့်မထ(မိုး)ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်တစ်အိတ်လျှင် ၆၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဈေးနှုန်းဖြင့်တည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်လကုန်ပိုင်းအချိန်တွင် တစ်ပိဿာလျှင် ၇၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

  ကြက်သွန်နီအသေးမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၇၀၀ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြူမှာ ယခင်လကုန်ပိုင်းအချိန်တွင် အသေးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပြီး အကြီးတစ်ပိဿာလျှင် ၉၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ငရုတ်ခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲခြမ်းမှာ ယခင်လကုန်ပိုင်းအချိန်တွင် တစ်ပိဿာလျှင် ၆၃၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၈၀ကျပ်၊ ကုလားပဲလုံးမှာ  ယခင်လကုန်ပိုင်းအချိန်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

   မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံ(အဖြူ)မှာ ယခင်လကုန်ပိုင်းအချိန်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)