Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့တွင် ဒု-တိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်များရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြပါသည်။

  ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးအရာရှိနှင့် ပူးပေါင်းအဖွဲ့များ သွားရောက်စစ်ဆေးစဉ် သက်ဆိုင်ရာဌာန၏ FDA ထောက်ခံချက်မပါသည့် စားသုံးဆီမျိုးစုံရောင်းချနေသော ဆိုင် (၉) ဆိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးအရာရှိနှင့် ပူးပေါင်းအဖွဲ့များသွားရောက်စစ်ဆေးစဉ် သက်ဆိုင်ရာဌာန၏ FDA ထောက်ခံချက်မပါသည့် စားသုံးဆီမျိုးစုံရောင်းချနေသော ဆိုင် (၄) ဆိုင်မှ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် လုပ်ငန်းရှင်များက လာရောက်တွေ့ဆုံခဲ့ကြပါသည်။

 ထိုသို့တွေ့ဆုံခဲ့ကြရာတွင် ဒု-တိုင်းဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားခြင်းမရှိသည့်ကုန်စည်များကိုရောင်းချခြင်းမပြုရန် စားသုံးသူအကာအကွယ်ပေးရေးဥပဒေများအကြောင်းရှင်းလင်း၍ စားသုံးသူရေးရာဦးစီးဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီက လုပ်ငန်းရှင်၏တာဝန်များကိုရှင်းလင်းခဲ့ပြီးနောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်ကလည်း ကုန်ညွှန်းအမှတ်အသားဥပဒေပါ အကြောင်းအရာများကိုရှင်းလင်း၍ နောင်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)