ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)၊ စံပြရေပေါ်ဈေးတွင်ရောင်းချနေသည့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ဧည့်မထ (ဆန်) တစ်ပြည်လျှင် (၂၇၀၀)ကျပ်၊ (၂၄) ပြည်ပါ တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ပေါ်ဆန်း (ဆန်) တစ်ပြည်လျှင် (၄၁၀၀) ကျပ်၊ (၂၄)ပြည်ပါ တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ (၂၄) ပြည်ပါ တစ်အိတ်လျှင် (၄၇၅၀၀)ကျပ်တို့ဖြစ်၍ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။
စားအုန်းဆီတစ်ပုံလျှင် (၇၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ပဲဆီ (ရိုးရိုး) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ပဲဆီ (ရှယ်) တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ ကြက်သွန်နီတစ်အိတ်လျှင် (၇၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၆၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ငရုတ်သီးခြောက်ရှည်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် နနွင်းတက်တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့်ရောင်းချနေပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရပါသည်။
အသားငါးဈေးများမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန် (ဘော့ချိတ်) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မွေးမြူရေး (ငါးခူ) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၆၀) ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၄၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပါသည်။
ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စည်းလျှင် (၂၀၀)ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီးတစ်စည်းလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံရောင်းဝယ်ဖောက်ကားနေသည့် အရောင်းဆိုင်မှသိရှိရပါသည်။
DOCA(ကရင်)