Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Powered by Drupal

  မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်၏ ကာလတူဈေးထက် ၂၀၂၃ခုနှစ်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ရှိ ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၅၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၅၈၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၂၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၅၆၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၇၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၅၂၈၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၇၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၁၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ သုံးသောင်းခွဲခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅အိတ်မှ ၂၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၅၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၄၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၃၆၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ်၂၁၂၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ် ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်၉၅၀၀၊ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၆၁၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်၇၄၀၀၊ တစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော်မှ သုံးထောင် ကျော်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၁၀၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၇၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၁၆၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ်၆၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ လေးသောင်းကျော်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)